GADGETS2026🇹🇭🇸🇬🇲🇲 iPhone 18 Pro Max 512GB — ထိုင်း၊ စင်ကာပူ၊ မြန်မာ ဘယ်မှာဝယ်ရင် ပိုသက်သာမလဲ? 📱💸
ခရီးသွားရင်း iPhone ဝယ်လာရင် မြန်မာနိုင်ငံမှာဝယ်တာထက် ဘယ်လောက်သက်သာနိုင်မလဲ? Tourist Tax Refund ပြန်ယူပြီး မြန်မာဘက်အခွန်ဆောင်လိုက်ရင်ရော တန်သေးလား? 👀
ဒီနေ့ post မှာ ဥပမာအနေနဲ့ iPhone 18 Pro Max 512GB ကို နေရာ ၃ ခုမှာ ဝယ်ယူတဲ့ ကုန်ကျစရိတ်တွေ ယှဉ်ကြည့်ကြရအောင်။ ⚖️
✈️ ဒီ comparison က နဂိုသွားမယ့်ခရီးမှာ ကိုယ်တိုင်သုံးဖို့ ဖုန်းတစ်လုံးဝယ်လာပြီး Tourist Refund ရရှိတဲ့ scenario အတွက်ပါ။
ဒီတော့ ခရီးစရိတ်ကို မထည့်ထားဘဲ non-licensed import fine မကျသင့်တဲ့အခြေအနေကို အခြေခံထားပါတယ်။
💱 အောက်တိုဘာ ၅ ရက်၊ ၂၀၂၆ ငွေလဲနှုန်းအရ—
▪️ 1 THB = 133.33 ကျပ်
▪️ 1 SGD = 3,495 ကျပ်
🇹🇭 Thailand မှာဝယ်မယ်ဆိုရင်
📱 Apple Store ဈေး — ฿60,900
💸 Tourist VAT Refund — ฿3,370
➡️ Refund နုတ်ပြီး ဖုန်းဈေး — ฿57,530
မြန်မာငွေနဲ့ဆို 7,670,475 ကျပ်ခန့်ရှိတယ်။
မြန်မာဘက်အခွန် ခန့်မှန်း 394,769 ကျပ်ကို ထည့်လိုက်ရင်—
💰 စုစုပေါင်း — 8,065,244 ကျပ်ခန့်
✅ Myanmar ဈေးထက် 904,756 ကျပ်၊ ၉ သိန်းကျော် သက်သာနိုင်ပါတယ်။
———.———
🇸🇬 Singapore မှာဝယ်မယ်ဆိုရင်
📱 Apple Store ဈေး — S$2,399
➡️ မြန်မာငွေနဲ့ 8,384,505 ကျပ်
ဈေးထဲပါပြီးသား GST 9% က S$198.08 ရှိတယ်။ ဒါပေမယ့် Tourist Refund လျှောက်ရင် handling fee နုတ်မှာဖြစ်လို့ အဲဒီပမာဏအပြည့် ပြန်မရပါဘူး။
GST အပြည့်နုတ်ထားတဲ့ အခြေခံဖုန်းဈေးနဲ့ မြန်မာဘက်အခွန် ခန့်မှန်းကို ပေါင်းရင်—
💰 စုစုပေါင်း — 8,086,975 ကျပ် + Refund Handling Fee
✅ Myanmar ဈေးထက် သက်သာငွေက 883,025 ကျပ်ထဲက handling fee ကို နုတ်ထားတဲ့ပမာဏပါ။
———.———
🇲🇲 Myanmar မှာဝယ်မယ်ဆိုရင်
အရင် post မှာ ဖော်ပြခဲ့တဲ့ Apple Authorized Reseller ဈေးအရ—
📱 iPhone 18 Pro Max 512GB
💰 အခွန်ပါဈေး — 8,970,000 ကျပ်
ဆိုင်အလိုက် ဈေးနှုန်း၊ လက်ဆောင်နဲ့ ဝန်ဆောင်မှုတွေ ကွာခြားနိုင်ပါတယ်။
———.———
🏆 ဒါဆို ဘယ်မှာ ပိုသက်သာလဲ?
ဒီတွက်ချက်မှုအရ—
🥇 Thailand — 8,065,244 ကျပ်ခန့်
🥈 Singapore — 8,086,975 ကျပ် + Handling Fee
🥉 Myanmar — 8,970,000 ကျပ်
Thailand က အနည်းဆုံးကျပြီး Myanmar ထက် ၉ သိန်းကျော် သက်သာနိုင်တယ်။
Singapore နဲ့တော့ handling fee မထည့်ခင် ၂ သောင်းကျော်ပဲ ဆိုတော့ ၉ သိန်း နီးပါး သက်သာမှာဖြစ်ပါတယ် 👀
🚨🧾 Tourist Refund ရဖို့ သိထားသင့်တာတွေ
Thailand မှာတော့ VAT Refund ပါဝင်တဲ့ဆိုင်မှာ ဝယ်ပြီး P.P.10 နဲ့ မူရင်း tax invoice တောင်းထားပါ။ ဒီဖုန်းဈေးက ฿40,000 ကျော်တာကြောင့် လေဆိပ်မှာ check-in မလုပ်ခင် စစ်ဆေးခံရသလို Immigration ဖြတ်ပြီးနောက်မှာလည်း ဖုန်းကို ထပ်ပြဖို့လိုပါတယ်။
Singapore မှာ Apple Store ကိုယ်တိုင်သွားဝယ်ပြီး Passport ပြကာ eTRS transaction တောင်းထားဖို့လိုတယ်။ Apple Online Store ကဝယ်ရင် ဆိုင်မှာသွားယူတဲ့ order ဖြစ်ရင်တောင် GST refund မရပါဘူး။
🎓 ပညာရေးအတွက်သွားသူတိုင်း Refund ရတာ မဟုတ်ပါဘူး။ Singapore Student’s Pass၊ Work Pass စတဲ့ သတ်မှတ်ထားတဲ့ pass ကိုင်ထားသူတွေနဲ့ Thailand မှာ နေထိုင်အခြေစိုက်သူတွေက Tourist Refund အတွက် အကျုံးမဝင်နိုင်ပါဘူး။
⚠️ အခွန်နဲ့ ကုန်ကျစရိတ်မှတ်ချက်
မြန်မာဘက်အခွန် 394,769 ကျပ်ကို ပေးထားတဲ့ iPhone 18 Pro Max ထဲက Customs Duty နဲ့ Commercial Tax ပေါင်းပြီး ခန့်မှန်းထားတာပါ။ Advance Income Tax မဖော်ပြထားလို့ နောက်ဆုံး CEIR ကျသင့်ငွေကို သီးခြားစစ်ဆေးဖို့လိုပါတယ်။
Refund approval၊ handling fee၊ ငွေပေးချေမှုအပိုကြေးနဲ့ ငွေလဲနှုန်းပေါ်မူတည်ပြီး အမှန်တကယ်ကုန်ကျစရိတ် ပြောင်းနိုင်တယ်။
ကဲ… ခရီးသွားရင်း ဝယ်လာလို့ ၉ သိန်းလောက် သက်သာမယ်ဆိုရင် ကိုယ်တိုင်ဝယ်လာမလား? ✈️📱
ဒါမှမဟုတ် Myanmar မှာပဲ ဝယ်ပြီး ဆိုင်ကပေးတဲ့ လက်ဆောင်နဲ့ ဝန်ဆောင်မှုတွေကို ရွေးမလား?
✈️ ခရီးသည် (၁) ဦး ဖုန်း (၁) လုံး ဆိုရင်တော့ အခုတွက်ချက်မှုအရ Thailand နဲ့ Singapore မှာ Tax refund တွေယူလာရင်တော့ မြန်မာနိုင်ငံမှာ ဝယ်တာထက်သက်သာမှာဖြစ်ပါတယ် 🎉
#TechNation #iPhone18ProMax #iPhone18Pro #Apple #Thailand #Singapore #Myanmar #iPhonePrice #TaxRefund #CEIR
5 Oct 2026ဖတ်ရှုရန် →